ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေရုံသည် (၁၉.၅.၂၀၂၄)ရက်နေ့တွင် ကွမ်းခြံချောင်းကျေးရွာသို့ ကွင်းဆင်းဆေကးကုသခဲ့ရာ ကျား၁၈ဦး ၊မ ၂၃ဦး၊ စုစုပေါင်း လူနာ ၄၁ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူဦးရေ (၄၀)ခန့်အား ကျီးပေါင်းရောဂါအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။