ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူးသည် ကျောင်းကျန်းမာရေးအဖွဲ့ဖြင့် ပူးပေါင်းပြီး (၁၆-၁-၂၀၂၆) ရက်နေ့တွင် ပညာခေတ် ကိုယ်ပိုင်အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းကျန်းမာရေး စစ်ဆေးပေး ခဲ့ရာ ကျောင်းသား (၂၅)ဦး၊ ကျောင်းသူ (၃၈)ဦး၊ စုစုပေါင်း (၆၃)ဦး တို့အား ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ပြီး ရသာ (၆) ပါး အကျိုးသွားအကြောင်း ခေါင်းစဉ်နှင့် ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း (၁၂၀)ဦး တို့အား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


