the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာနမှ (၃-၈-၂၀၂၄) ရက်နေ့တွင် ကျိုက်လတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ပညာဝတီအမျိုးသမီး ဘဝမြှင့်တင်ရေးကျောင်းတွင် ကျား (၇) ဦး၊ မ(၃၀) ဦး၊ စုစုပေါင်း (၃၇) ဦး တို့အား “တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာအောင်နေထိုင်နည်းအကြောင်း” ပညာပေးဟောပြောခဲ့ပြီး ကလေး ကျား (၇) ဦး၊ မ (၁၅) ဦး ၊ လူကြီး မ(၂၀) ဦး၊ စုစုပေါင်း (၄၂) ဦး တို့အား ဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း