ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၅-၁၀-၂၀၂၅) ရက်နေ့တွင် ဓမ္မဝိဟာရဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၀)ဦး၊ မ (၂၅)ဦး၊ လူနာစုစုပေါင်း (၃၅)ဦးအား ကွင်းဆင်းကုသမှုပေးခဲ့ပြီး “ဆီးချိုရောဂါ အကြောင်းကို” လူဦးရေ (၄၀) ဦးအား အသိပညာပေးဟောပြော ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

