ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာသည် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၂၈.၁၁.၂၀၂၅) ရက်နေ့တွင် ကျန်းမာသက်ရှည်နေနိုင်ရေးတိုင်းရင်းဆေးဖြင့်ပညာပေး Talk Show အစီအစဉ် ဆောင်ရွက်ခဲ့ရာ လည်ဆစ်ရိုးကျီးပေါင်းရောဂါအကြောင်း ပညာပေးပြောကြားခဲ့ပါသည်။ ထိုနောက်ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးမှဝန်ထမ်း (၁၂)ဦး တို့အား အရိုးကျီးပေါင်းရောဂါအကြောင်းနှင့်ဆောင်ရန်ရှောင်ရန်များအား ပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

