ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၅-၁၁-၂၀၂၅) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ သီရိဝဏ္ဏ ဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေး ကုသမှုများဆောင်ရွက်ပေးခဲ့ရာ ကျား (၁၂)ဦး၊ မ (၃၁)ဦး၊ စုစုပေါင်း (၄၃)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
