ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်သာပေါင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၆-၁-၂၀၂၆) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ သာပေါင်းမြို့နယ် ရေစမ်း ကျေးရွာ အလယ်တန်းကျောင်း သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူ (၂၄၈) ဦးတို့ကို “ဝဲယားနာနှင့်တစ်ကိုယ်ရေ သန့်ရှင်းရေး အကြောင်းအသိပညာ ပေးဟောပြော ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
