ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တိုင်းရင်း ဆေးကုဌာနမှ(၁၆-၁၀-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့၊ ဆင်ဆိပ်ကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ လူဦးရေ(၇၆)ဦး တို့အား “အအေမိ၊ နှာစေး၊ နှာရည်ယိုခြင်း ရောဂါအကြောင်း” အသိပညာပေးဟောပြောပြီး ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၂၅)ဦး၊ မ (၃၂)ဉီး၊ လူဦးရေစုစုပေါင်း(၅၇) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှု ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


