(၁) တက္ကသိုလ်တွင် အားကစားလှုပ်ရှားမှုများ၊ ကျယ်ပြန့်လာရေးအတွက် ဟောပြောခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ကျောင်းသား/သူအားကစား မောင်မယ်များအား စည်းလုံးညီညွတ်မှုရှိစေရန် အားကစားကဏ္ဍမှနေ၍ ပြုစုပျိုးထောင်ပေးခြင်း။
(၂) တက္ကသိုလ်ဝင်းအတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားကောင်းမွန် လာစေရန်အတွက် အစဉ်တစိုက် လေ့ကျင့်ပျိုးထောင်ပေးခြင်းနှင့် လိုအပ်သည် များအား စီမံအုပ်ချုပ်သူပါမောက္ခချုပ်ထံတိုက်ရိုက်တင်ပြပြီး ညွှန်ကြားချက် အတိုင်းဆောင်ရွက်ပေးခြင်း။
(၃) ဒီဇင်ဘာအားကစားလတွင် တက္ကသိုလ်တွင်းအားကစားပြိုင်ပွဲများကိုစနစ်တကျ ကျင်းပပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ခြင်း။
(၄) ဌာနမှ ထုတ်ပေးထားသော အားကစားပစ္စည်းကိရိယာများ၊ အားကစားကွင်း များ၊ အဆောက်အဦများကို စနစ်တကျ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခြင်း။
(၅) အားကစားကဏ္ဍအနေဖြင့် တက္ကသိုလ်ပေါင်းစုံနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် အဆင့်မြင့် အားကစားသမားများမွေးထုတ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်း။