အမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၅. ၁၂.၂၀၂၃) ရက်နေ့တွင်လွိုင်လင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျောင်းသား/ကျောင်းသူ (၅၀)ဦးအား တိုင်းရင်းဆေးပညာဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်း ပေးဝေခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။