၁။ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်း ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီ အစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါး(၄)မျိုးတွင် Cassia ပါဝင်မှုမှာ Drug Registration Guidance Document (DRGD)အရ ခွင့်ပြုပမာဏထက် ကျော်လွန်နေကြောင်း၊ Microbial contamination တွေ့ရှိရကြောင်း၊ ဆေး၏ အရောင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ Customer complaints တွေ့ရှိရကြောင်း၊ Action အနေဖြင့် Product recall ဆောင်ရွက်ထားကြောင်း ပေးပို့လာပါသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။