the republic of the union of myanmar

ministry of health

Department of Traditional Medicine

သုတေသနဌာနရှိလုပ်ငန်းဆောင်ရွက်ချက်များ

၁။ တိုင်းရင်းဆေးတက္ကသိုလ်၊ သုတေသနဌာန၏ တစ်လတစ်ကြိမ် သင်ကြားရေး အစီအစဉ်များကိုပါမောက္ခချုပ်ထံသို့ပေးပို့ခြင်း။

 

၂။ တတိယနှစ်၊ စတုတ္ထနှစ်၊ ပထမနှစ်ပေါင်းကူးသင်တန်း၊ မဟာပထမနှစ်ဘွဲ့လွန် သင်တန်းများအားဌာနရှိဆရာ၊ဆရာမများမှစနစ်တကျသင်ကြားပေးခြင်း

 

၃။ ကျောင်းခေါ်ချိန် ၇၅% မပြည့်မှီသောကျောင်းသား၊ ကျောင်းသူများစာရင်း ပေးပို့ခြင်း

 

၄။ လစာရေးဆွဲနိုင်ရန်အတွက် ဝန်ထမ်းများ၏ ရုံးတက်၊ ကင်းကွာနှင့်ပျက်ကွက် စာရင်းပေးပို့ခြင်း

 

၅။ တိုင်းရင်းဆေးတက္ကသိုလ်မှ ကျင်းပသော CTME/Lunck Time Talk အစီအစဉ်များတွင် ဟောပြောပေးခြင်း

 

၆။ တိုင်းရင်းဆေးတက္ကသိုလ်၊ သုတေသနဌာနမှ သင်ရိုးညွှန်တမ်းပါ အစီအစဉ်အရ နှစ်စဉ် တတိယနှစ် ကျောင်းသား/သူများနှင့် ဒေသပေါက် ဆေးဖက်ဝင် အပင်များကို လက်တွေ့ကွင်းဆင်းသုတေသနပြုလေ့လာခြင်း

 

၇။ တိုင်းရင်းဆေးတက္ကသိုလ်၊ သုတေသနဌာနမှ သင်ရိုးညွှန်တမ်းပါ အစီအစဉ်အရ နှစ်စဉ် စတုတ္ထနှစ်ကျောင်းသား/သူများ၏ ပြည့်သူဘဝလေ့လာရေး သုတေသန စစ်တမ်းကောက်ယူခြင်းကို ဆေးပညာဌာနနှင့်ပူးပေါင်း၍ နှစ်စဉ်သွားရောက် လေ့လာခြင်း

 

၈။ သုတေသနဌာနမှဉီးဆောင်၍ ဘွဲ့ကြိုအလုပ်သင်စာတမ်းများကို စာတမ်းဖတ်ပွဲ နှစ်စဉ်ကျင်းပပေးခြင်း

 

၉။ သုတေသနဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ် Clinical ဌာနများနှင့်ပူးပေါင်း၍ External Grand နှင့် IR Grandများတင်သွင်းခြင်း

 

၁၀။ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးဆောင်၍ နှစ်စဉ်ကျင်းပလျှက်ရှိသော သုတေသနစာတမ်းဖတ်ပွဲတွင် သုတေသနဌာနမှ စာတမ်းများတင်သွင်း ဖတ်ကြားခြင်း

 

၁၁။ တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့အကြိုအလုပ်သင်စာတမ်း(BMTM)၊ မဟာဘွဲ့ စာတမ်း (MMTM)၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါရဂူ(Ph.D) စာတမ်း များအတွက်

  • ဆေးပင်/ဆေးပစ္စည်းစစ်မှန်မှုများစမ်းသပ်ပေးခြင်း(Authenticity)

  • ဆေးပင်အစိတ်အပိုင်းများတွင်ပါဝင်သော Phytochemical Compound များပါဝင်မှုကို Preliminaryစမ်းသပ်ပေးခြင်း

  • ဆေးပင်အစိတ်အပိုင်းများ၏ ရူပ-ဓာတုဂုဏ်သတ္တိများကို စမ်းသပ်ပေး ခြင်း

  • (Physico-chemical properties) များဆောင်ရွက်ပေးခြင်း

  • ဆေးပင်မှဆေးအဆီအနှစ်များExtractထုတ်ယူခြင်းနှင့်

  • ထုတ်ယူရရှိသောExtract များကို Freeze dryerဖြင့် အခြောက်ခံအမှုန့် ပြုလုပ် ပေးခြင်း

 

၁၂။ အခါအားလျော်စွာ တက္ကသိုလ်မှ ကျင်းပသောပွဲများ၊ ဘွဲ့နှင်းသဘင်နှင့် နှုတ်ဆက်ပွဲတို့တွင် ပါဝင်ခြင်း

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း