the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅၃)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်း ဆန်စိမ်း လောင်းလှူပွဲအခမ်းအနားတွင် ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီဌာန ရှမ်းပြည်နယ် ပြည်နယ်ဦးစီးဌာနမှူး ခရိုင်ဦးစီးဌာနမှူးတို့၏ ညွှန်ကြားချက်ဖြင့် တောင်ကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၆-၀၉-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဆွေ လက်ထောက် တိုင်းရင်းဆေးခန်းမှူး ဒေါ်နန်းရောင်ဆနှင့် ဒေါ်စန္ဒာမြင့်တို့သည် ရွှေဘုန်းပွင့်စေတီတော်ကြီးအား ဦးထိပ်ထား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၅၃)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ကျား (၁၀)ဦး၊ မ(၂၃)ဦး၊  စုစုပေါင်း (၃၃)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း