ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန ၊မြို့နယ်တိုင်းရင်း ဆေးကုဌာန၊ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ (၁၅-၁၁-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် ကျိုင်းတုံဘိုးဘွားရိပ်သာသို့သွားရောက်၍ သက်ကြီး ဘိုးဘွားများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်း နှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ပေးခဲ့ရာ ကျား (၁၀)ဦး ၊ မ (၁၄) ဦး၊ စုစုပေါင်း (၂၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



