ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီး ဌာနမှူးတို့၏ လမ်းညွန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲမြို့နယ် တိုင်းရင်း ဆေးကုဌာနမှ (၁၉-၁၁-၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မျိုးမျိုးသန့်နှင့် ရုံးအကူ ဒေါ်မျိုးမျိုးအေး တို့သည် အမှတ်(၈)ရပ်ကွက် ကွန်ဖြူးရှပ်ကျောင်းသို့ သွားရောက်၍ ကျား (၁၀)ဦး၊ မ (၂၅)ဦး၊ စုစုပေါင်း (၃၅)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


