ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦစီးဌာန ရှမ်းပြည်နယ် ပြည်နယ်ဦးစီးဌာနမှူး ခရိုင်ဦးစီးဌာနမှူးတို့၏ ညွှန်ကြားချက်ဖြင့် တောင်ကြီးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဆွေ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းရောင်ဆ ဒေါ်စန္ဒာမြင့် တို့သည် ၂၀၂၅ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့ တောင်ကြီးမြို့နယ် ရှမ်းရိုးမဘိုးဘွားရိပ်သာတွင် ကျား (၁၂) ဦး မ(၁၈) ဦး စုစုပေါင်း (၃၀) ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။