ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် (၂၅) ခုတင်ဆံ့ တိုင်းရင်း ဆေးရုံမှ အဖွဲ့ဝင်(၇)ဦး တို့သည် (၁၉-၁-၂၀၂၆)ရက်၊ တနင်္လာနေ့တွင် လွိုင်လင်မြို့၊ ရပ်ကွက် (၂)၊ ကွတ်ချိုးကျေးရွာသို့သွားရောက်၍ မိဘပြည်သူများ ကျား (၂၇)ဦး၊ မ (၄၈)ဦး၊ စုစုပေါင်း (၇၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟော ပြောမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

