ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင် ဦးဆောင်သောအဖွဲ့သည် (၉-၉-၂၀၂၅) မှ (၁၄-၉-၂၀၂၅) ရက်နေ့အထိ မိုးနဲမြို့ မိုးကုတ်ရိပ်သာ ကျောင်း တရားစခန်းသို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ယောဂီ ကျား (၇)ဦး၊ ယောဂီ မ (၃၉)ဦး၊ စုစုပေါင်း (၄၆)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။