ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဉီးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဉီးစီးဌာနမှူး၊ ခရိုင်ဉီးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပင်းတယမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၃-၉-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြိုးဖြိုးဝေသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဓနုမြေဘိုးဘွားရိပ်သာသို့သွားရောက်၍ စုစုပေါင်း(၂၀) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။