ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၃-၂-၂၀၂၆) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်စန္ဒာအောင်နှင့် ဆရာ၊ ဆရာမ (၈)ဦးသည် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာအုပ်စု ရှောက်ပင်ကျေးရွာသို့ သွားရောက်၍ ကျား လူကြီး (၄၀) ဦး၊ မ လူကြီး (၈၃)ဦး၊ ကျား ကလေး (၄)ဦး၊ မ ကလေး (၅)ဦး၊ စုစုပေါင်း (၁၃၂) ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး “ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ မီးဖိုချောင်သုံး ဆေးဖက် ဝင်ပစ္စည်းများအကြောင်း”အား ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

