the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ ခုတင်၅၀ဆံ့တိုင်းရင်းဆေးရုံ(အေးသာယာ)တောင်ကြီးမြို့၌ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာ ပေးရေးအစီအစဉ် (C T M E) အခမ်းအနားကို ကျင်းပခြင်း

ရှမ်းပြည်နယ်၊ ခုတင်၅၀ဆံ့တိုင်းရင်းဆေးရုံ(အေးသာယာ)တောင်ကြီးမြို့၌ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာ ပေးရေးအစီအစဉ် (C T M E) အခမ်းအနားကို ၂၃.၉.၂၀၂၃ရက် နံနက်၁၀နာရီအချိန်တွင် ခုတင်၅၀ဆံ့ တိုင်းရင်းဆေးရုံ(အေးသာယာ) တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် သဘာပတိအဖြစ် ဆေးရုံအုပ်ကြီး ဆရာမကြီး  ဒေါ်အေးအေးသိန်း (ငြိမ်း)မှ ဆောင်ရွက်ပြီး တိုင်းရင်းဆေးရုံမှ  ဒုတိယတိုင်းရင်းဆေးမှူး  ဒေါ်အေးအေးအောင်မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါပြီး လက်ကပ်ရောဂါစာတမ်းကို တောင်ကြီးခရိုင် ဒုတိယတိုင်းရင်းဆေးမှူး ဦးကျော်ဇေယျ မှဖတ်ကြားပြီး တက်ရောက်လာသော ဆရာ/ဆရာမများမှ စာတမ်းနှင့်ပတ်သက်သည့်အတွေ့အကြုံများ၊ ဆွေးနွေးမေးမြန်း    ကြပြီး အခမ်းအနားကို ၁၁း၃၀နာရီအချိန်တွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ