ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန ၊မြို့နယ် တိုင်းရင်းဆေးကုဌာန ၊ (၂၅) ခုတင် ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ (၁၉-၁၀-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀)နာရီ အချိန်တွင် ကျိုင်းတုံဘိုးဘွားရိပ်သာသို့သွားရောက်၍ သက်ကြီး ဘိုးဘွားများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်း နှင့် ကွင်းဆင်းဆေး ကုသခြင်း ဆောင်ရွက်ပေးခဲ့ရာ ကျား (၁၀)ဦး ၊ မ (၁၄)ဦး၊ စုစုပေါင်း (၂၄)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




