ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၀-၁၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သီတာဦးသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ကြိမ်ဂနိူင်ကျေးရွာတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာစွာ နေထိုင်နည်း၊ ဆောင်ရန် ရှောင်ရန် အသိပညာပေးဟောပြောခြင်းနှင့် ဒေသခံ ကျား (၃၈)ဦး၊ မ (၅၈)ဦး၊ စုစုပေါင်း(၈၈)ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



