ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်သည် (၁၀-၁၂-၂၀၂၄ )ရက် နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် လွိုင်လင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဟောပြောပွဲတွင် အမျိုးသမီးများနှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့် ပညာပေးဟောပြောသည်။ ဟောပြော ပွဲတွင် ကျောင်းသား/သူ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။