အခမ်းအနားတွင် ဆေးရုံအုပ်ကြီးနှင့် ဌာနတာဝန်ခံ ဆရာမများမှ ကြိုဆိုမိတ်ဆက်ကြပြီး ၂၀၂၆ ခုနှစ် အလုပ်သင်ဆရာ၊ ဆရာမများမှ အသီးသီး မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ရန်ကုန်ခုတင် (၁၀၀) ဆံ့ သင်ကြားတိုင်းရင်းဆေးရုံတွင် ၂၀၂၆ခုနှစ် အလုပ်သင်ဆရာ၊ ဆရာမ (၁၁) ဦးသည် (၁-၁-၂၀၂၆) ရက်နေ့မှ (၃၁-၁၂-၂၀၂၆) ရက်နေ့ထိ (၁)နှစ်တာ အလုပ်သင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနား တက်ရောက်လာကြသော ဆရာမ များ၊ အလုပ်သင်ဆရာ၊ ဆရာမများအား ဆေးရုံအုပ်ကြီးမှ ကြက်သားပေါက်စီနှင့် ကော်ဖီတို့ဖြင့် ဧည်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

