ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၈-၂-၂၀၂၄ရက်နေ့ မွန်းလွဲပိုင်း တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အလယ်တန်း ကျောင်းခွဲ(မြဂိုး)သို့သွားရောက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင်ဆောင်းရာသီ တွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းနှင့်စာမေးပွဲ အောင်မြင်စွာဖြေ ဆိုနိုင်ရန် ကျန်းမာရေးဂရုစိုက်ရန်တို့ကို အသိပညာေပးဟောပြောပေးခဲ့ပြီးတက်ရောက်သူဦးရေ ၁၈၀ ဦးရှိပါ သည်။ ထို့နောက်ကျောင်းရှိဆရာ/ဆရာမများနှင့်ကျောင်းသူကျောင်းသားများအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာကျားကြီး ၂ဦး ကျားလေး ၅ဦး မကြီး ၂၅ဦး မလေး ၁၀ဦး စုစုပေါင်း ၄၂ဦးအား ဆေးဝါးများဖြင့် ဆေးကုသ ပေးခဲ့ကြောင်း သိရသည်။