the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ခရမ်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ခရမ်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၄-၄-၂၀၂၄ ရက်နေ့ နံနက် (၁၀) နာရီမှ နေ့လည် (၁၂) နာရီ အချိန်အထိ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သော ကွင်းဆင်း အဖွဲ့သည် ခရမ်းမြို့ အမှတ် (၂) ရပ်ကွက် ပြန်ဆက်ရုံးတွင် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆေးကုသမှုကို ပေးခဲ့ပြီး ကျား (၆)ဦး၊ မ (၁၉)ဦး၊ စုစုပေါင်း လူနာဦးရေ (၂၅)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုခြင်း ဆောင်ရွက်ပြီး၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဆက်လက်ဆောင်ရွက်ပြီး နွေရာသီတွင်အဖြစ်များသော ရောဂါများ အကြောင်းကို ဟောပြောပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း