ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၆.၁၀.၂၀၂၅)ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုး သည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဌာနတို့နှင့် ပူးပေါင်း၍ အ.မ.က ဝါးကောက်တော ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူ (၁၉၃) ဦးအားသတိပြုရန် မှန်လေးမှန် အကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး လူကြီး ကျား (၁၁)ဦး၊ လူကြီး မ (၁၈) ဦး၊ ကလေး ကျား (၇၉)ဦး၊ ကလေး မ (၅၅)ဦး စုစုပေါင်း(၁၆၃)ဦးအား တိုင်းရင်းဆေး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
