the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် ဗဟန်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သန့်ရှင်းရေးဆောင်ရွက်ခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် ဗဟန်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူအင်အား(၇၀)ခန့်သည် (၉-၁၂-၂၀၂၃) ရက်နေ့ နံနက် (၇)နာရီ မှ (၈:၄၅)နာရီ အထိ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ၊ ရန်ကုန်၏ ရှေ့မျက်နှာစာနှင့် ပရဆေးဥယျာဥ်အတွင်း၊ အပြင် သန့်ရှင်းခြင်း၊ အပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ပိတ်ဆို့နေသည့် ရေမြောင်းများသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအုပ်ကြီးမှ သန့်ရှင်းရေးဆောင်ရွက်ပေးသောအဖွဲ့များအား နံနက်စာ ကော်ဖီနှင့် ကြက်သားပေါက်စီတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း