ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၀-၁၁-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး နှင့်အဖွဲ့သည် အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အလုံမြို့နယ်အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော “လူငယ်ရေး ရာ အသိပညာပေးဟောပြောပွဲ”၌ ကျောင်သား၊ကျောင်းသူ (၅၀)ဦးအား "မီးဖိုချောင်သုံးဆေး ဖက်ဝင်အပင်များ၏ ဆေးဖက်ဝင်အာနိသင်များအကြောင်း” အသိပညာပေး ဟောပြောခဲ့ပြီး ကျား (၁၇)ဦး၊ မ (၂၀)ဦး၊ စုစုပေါင်း (၃၇)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

