the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်သည့် လူထုကျန်းမာရေးလုပ်သား (Community Healthcare Workers-CHW) သင်တန်းတွင် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်သည့် လူထု ကျန်းမာရေး လုပ်သား (Community Healthcare Workers-CHW) သင်တန်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေးသည် (၃-၂-၂၀၂၆) ရက်နေ့တွင် သင်တန်းသား၊ သင်တန်းသူ (၁၃)ဦးအား “တိုင်းရင်းဆေးပညာ အ‌ခြေခံသဘောတရားများနှင့် တိုင်းရင်းဆေးပညာရှင် မွေးထုတ်မှုသမိုင်းအကြောင်း” ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မန်ကျည်းဖျော်ရည်သောက်သုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ခြင်း
ဆေးစွမ်းများမြောင်အကြောပေါင်းတစ်ထောင်
အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ