the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့်  (၂၁-၁၀-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူးနှင့် အဖွဲ့သည် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နှင့်ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အစီအစဉ်ကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ သာကေတမြို့နယ်ရှိ ကျောင်းခန်းမဆောင်တွင် ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ၊ဆရာ၊ ဆရာမ စုစုပေါင်း (၂၅၀)ဦးအား  “ကျောင်းသား လူငယ်နှင့်တိုင်းရင်းဆေး တက္ကသိုလ်အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် မြို့နယ်တိုင်းရင်းဆေးမှူးမှ အသိပညာ မျှဝေခဲ့ပြီး ပြန်လည်မေးမြန်းခြင်းများပြုလုပ်ခဲ့ရာ အဖြေမှန်သူ ကျောင်းသား‌၊ကျောင်းသူ (၃)ဦးအား ဆုချီးမြှင့်ခြင်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင်သိထားရမည့်အချက်များ လက်ကမ်းစာ‌စောင်များဖြန့်‌‌ဝေခြင်း၊ ကျောင်းသား၊ ကျောင်းသူ (၁၂၁)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း