တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၄-၉-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူဥသည် မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်း ရပ်ကွက်ရှိ ဓမ္မဝိဟာရီကျောင်းတိုက်၌ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၄)ဦး၊ စုစုပေါင်း (၁၉)ဦးအား ကွင်းဆင်းဆေးကုသမှုပေးခဲ့ပြီး “သွေးတိုးရောဂါအကြောင်း” အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။