the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ    (၂၅-၇-၂၀၂၄) ရက်နေ့၊ နေ့လယ် (၂:၃၀) အချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ် ဦးဆောင်သောအဖွဲ့သည် မြောက်ဥက္က လာပမြို့နယ်၊ (င) ရပ်ကွက်၊ သန္တာလမ်း၊ မာန်အောင်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ မာဃဘုန်းတော်ကြီးကျောင်းတွင် ကျား(၄၅) ဦး၊မ (၃၅) ဦး၊ စုစုပေါင်း(၈၀) ဦးအား “ရာသီတုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ” အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပြီး လူကြီး-ကျား(၇) ဦး၊ မ(၁၃) ဦး၊ ကလေး-ကျား (၁၅)၊ မ(၁၄) ဦး၊ စုစုပေါင်း (၄၉) ဦး တို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ