တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြိုနယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးဦးဆောင်သောအဖွဲ့သည် အထက(၃) ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးဝင်းနှင့်ပူးပေါင်း၍ (၂၇.၁၁.၂၀၂၅)ရက်နေ့၊ကြာသပတေးနေ့ နံနက်(၈:၃၀) နာရီ အချိန်တွင် အထက(၃)၊ ဗိုလ်တထောင်ကျောင်းတွင်” လက်တကမ်းရှိမီးဖိုချောင်သုံးပစ္စည်းများ၏ဆေးဘက်အသုံးဝင်ပုံ”အကြောင်း ကျောင်းသား၊ ကျောင်းသူ(၇၀)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြော၍ ကျောင်းသား ၂၀ဦး၊ ကျောင်းသူ ၃၀ဦး၊ ဆရာမ-၁၀ဦးစုစုပေါင်း၆၀ဦးအားတိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ခဲ့ပါသည်။