တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့်ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့်(၁၇-၁၀-၂၀၂၅)ရက်နေ့၊နံနက်(၁၁:၀၀)နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်ပုဇွန်တောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှမြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဇင်မာဝင့်ဦးဆောင်သောအဖွဲ့သည်ပုဇွန်တောင်မြို့နယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည့်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာနမြို့နယ်အမျိုးသမီးရေးရာဥက္ကဌနှင့်မြို့နယ်မိခင်နှင့်ကလေးစာင့်ရှောက်ရေးအဖွဲ့ဝင်များ၊မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ကွင်းဆင်းဆေးကုသခြင်း၊တိုင်းရင်းဆေးပညာပြခန်းအနေဖြင့်ဆေးဘက်ဝင်ပရဆေးပင်များ၊မီးဖိုချောင်သုံးဆေးဘက်ဝင်ပစ္စည်းများ၊ဌာနထုတ်တိုင်းရင်းဆေးဝါးများ၊တိုင်းရင်းဆေးပညာစာအုပ်များနှင့်နံရံကပ်စာစောင်များပြသခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေပြီးအသိပညာပေးခြင်းလုပ်ငန်းများအားပုဇွန်တောင်မြို့နယ်အ-ထ-က(၁)တွင်ပြုလုပ်ခဲ့ရာကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၅၀)ဦးအားအသိပညာပေးဟောပြောခဲ့ပြီးကျောင်းသား/ကျောင်းသူများနှင့်ပြခန်းသို့လာရောက်ကြည့်ရှုသောပြည်သူလူထု စုစုပေါင်း (၉၃)ဦးတို့အားတိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။