တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှေပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၈-၁၁-၂၀၂၅)ရက်၊ နံနက် (၉:၃၀) အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုးသည် အမှတ်(၄) ရပ်ကွက်၌ “ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါအကြောင်း”သိကောင်းစရာများ ဟောပြောပြီး ကျား (၁၁)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း (၂၃)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသမှု များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

