ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၌ ၁၃၈၇ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင်ကို (၇)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်စန္ဒာအေးနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးတို့ ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ နေ့စဉ် တိုင်းရင်းဆေးခန်းဖွင့်လှစ်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး အလုံခရိုင် အုပ်ချုပ်ရေးမှူးနှင့် အလုံမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တို့က လာရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။