တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာန နှင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် ဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး၊ အကြီးတန်းစာရေး ဒေါ်မေဇော်ဇော်ချို တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၅-၉-၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀)နာရီမှ (၁၂:၀၀)နာရီ အထိ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက် ဓမ္မာရုံ၌ ကျား(၁၆)ဦး၊ မ(၃၀)ဦး၊ စုစုပေါင်း (၄၆) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။