ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးမှ သက်ကြီး ရွယ်အိုများအား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့် အဖွဲ့ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် (၁၉-၁၁-၂၀၂၅) ရက်နေ့ နံနက် (၉:၀၀)နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ သက်ကြီးရွယ်အို ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာ ကျား (၁၈)ဦး၊ မ (၃၅)ဦး၊ စုစုပေါင်း (၅၃)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှူအား ပေးခဲ့ကြကြောင်း သိရသည်။