the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီတို့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် မြို့နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူးမှ သက်ကြီး ပုဂ္ဂိုလ်များအား ကိုယ်လက်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် (၁၄-၁-၂၀၂၆)   ရက်နေ့၊ နံနက်(၉:၀၀)နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ သက်ကြီးပုဂ္ဂိုလ် (၂၀)ဦးတို့အား‌‌ ဒူးနာရောဂါအတွက်သက်သာ‌စေမည့် လေ့ကျင့်ခန်းများပြသ၍ ဟောပြောခဲ့ပြီး ကျား (၇)ဦး၊ မ (၄၃)ဦး၊ စုစုပေါင်း (၅၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း