the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီတို့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးမှ သက်ကြီးရွယ်အို များအား ကိုယ်လက်လှုပ်ရှား‌ လေ့ကျင့်ခန်းများဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် (၁၂-၁၁-၂၀၂၅) ရက်နေ့၊ နံနက်(၉:၀၀)နာရီမှ နေ့လည်(၁၂:၀၀) နာရီအထိ သက်ကြီး ရွယ်အို ဘိုးဘွား (၂၀)ဦးတို့အား‌‌ “သွေးတိုးရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များအကြောင်း” အသိပညာပေးဟောပြော၍ ကျား (၇)ဦး၊ မ (၃၈)ဦး၊ စုစုပေါင်း (၄၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ