ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၅-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထူးထူးအုန်းဟန် ဦးဆောင်သောအဖွဲ့သည် ရွှေပြည်သာမြို့နယ် မြို့ဦးထန်းတပင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင်ကလေး (ကျား)၂၀ ဦး၊ ကလေး(မ)၁၀ ဦး စုစုပေါင်း ၃၀ ဦးတို့အား မိုးရာသီ၌ဖြစ်ပွားတတ်သော ဝမ်းပျက်/ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပြီး ကွင်းဆင်း ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။