ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့်၊ မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နည်းစနစ်မှူးက သက်ကြီး ပုဂ္ဂိုလ်များအား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် (၇-၁-၂၀၂၆) ရက်နေ့၊ နံနက်(၉:၀၀)နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ သက်ကြီး ပုဂ္ဂိုလ်(၂၅)ဦးတို့အား “ဆီးချိုရောဂါအကြောင်း”ဟောပြောပြီး ကျား (၁၇)ဦး၊ မ (၄၈)ဦး၊ စုစုပေါင်း (၆၅)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။