တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ (၉-၂-၂၀၂၆) ရက်နေ့ (နံနက်ပိုင်း)တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးညီညီစိုးသည် မှော်ဘီခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ (၁၅-၁-၂၀၂၆) မှ (၂၈-၂-၂၀၂၆) ရက်နေ့ထိ ဖွင့်လှစ်သည့် လူထုကျန်းမာရေး လုပ်သားသင်တန်းတွင် “မြန်မာ့တိုင်းရင်းဆေးပညာ အဓိပ္ပာယ်နှင့် အခြေခံသဘောတရားများ “နှင့် “ပြည်သူများတိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲရာတွင် သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၆၀)ဦးအား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
