ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၄-၁-၂၀၂၆) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် ကွမ်းခြံကုန်းမြို့နယ် အ.မ.က ကျွန်းချောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးအား “မီးဖိုချောင်သုံးဆေးဖက်ဝင် အပင်များအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး လူကြီး ကျား (၂)ဦး၊ မ (၅)ဦး၊ ကျား ကလေး (၃၈)ဦး၊ မ (၅၂)ဦး၊ စုစုပေါင်း (၉၇)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

