ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ လူထုကျန်းမာရေးလုပ်သား (Community Health Worker) သင်တန်းကို (၁၄-၁-၂၀၂၆) မှ (၂၀-၂-၂၀၂၆) ရက်နေ့ထိ ဖွင့်လှစ်သည့် သင်တန်း၌ တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃-၂-၂၀၂၆) ရက်နေ့တွင် ဒုတိယတိုင်ရင်းဆေးမှူး ဒေါ်အိအိဖြိုး သည် “တိုင်းရင်းဆေးပညာ၏ အခြေခံသဘောတရားများ၊ ဒေသပေါက်ဆေးဖက်ဝင်အပင်များအသုံးဝင်ပုံနှင့် ရာသီအလိုက်ဖြစ်တတ်သည့် ရောဂါများ အကြောင်း”ကို သင်တန်းသား၊သင်တန်းသူ (၉)ဦးတို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

