ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ (၂၁-၁၀-၂၀၂၅) ရက်နေ့ တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ ဦးဆောင်သောအဖွဲ့သည် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းနှင့် ပူးပေါင်း၍ သန်လျင် မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ အငြိမ်းစားဝန်ထမ်း ပင်စင်စား (၄၅၀) ဦးအား ခရိုင်တိုင်းရင်း ဆေးမှူး ဒေါ်သန်းသန်းဆွေမှ တိုင်းရင်းဆေးဝါးများအကြောင်းသိကောင်းစရာများအကြောင်း ပြောကြား၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းမှ သွေးတိုးရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ပြောကြားခဲ့ပြီး လူကြီး ကျား (၆၅)ဉီး၊ မ (၈၅)ဉီး၊ စုစုပေါင်း (၁၅၀)ဉီးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။