the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ (၂၁-၁၀-၂၀၂၅) ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ ဦးဆောင်သောအဖွဲ့သည် သန်လျင်မြို့ နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းနှင့် ပူးပေါင်း၍  သန်လျင်မြို့နယ်၊ မြန်မာ့စီးပွားရေဘဏ်ရှိ အငြိမ်းစားဝန်ထမ်း ပင်စင်စား (၄၇၀) ဦးအား မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းမှ ဆီးချိုရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး လူကြီး ကျား (၆၅)ဦး၊ မ (၇၅)ဦး၊  စုစုပေါင်း (၁၄၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း