ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၀-၁၁-၂၀၂၅) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က(ခွဲ) မန်းဂလိဂ်၌ ကျောင်းသား၊ကျောင်းသူ (၁၇၁)ဦးအား “မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး လူကြီး ကျား (၃၈)ဦး၊ လူကြီး မ (၂၃)ဦး၊ ကလေး ကျား (၂၁)ဦး၊ ကလေး (မ) (၃၅)ဦး၊ စုစုပေါင်း (၁၁၇)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။